Posts

Civil3D Tutorial : Lines and Curves

Image
ACTC-MYANMAR က တင်ပေးပြီးခဲ့တာလေးတွေသုံးပြီး လက်တွေ့ဆွဲကြည့်ရအောင်ပါ။ ဘယ်လိုဆွဲမလဲ?  ပထမ လိုင်းတခုကို ကိုဩဒိနိတ် သုံးပြီးဆွဲမယ်။ အဲဒီကနေ မျဉ်းကွေးတခု ထပ်ဆွဲမယ် ။ နောက်ထပ်ပြောင်းပြန်မျဉ်းကွေးတခု ထပ်ဆွဲမယ်။ နောက်ဆုံးမှာ လိုင်းတခုနဲ့ ပြန်အဆုံးသတ်ပါမယ်။ command ၄ ခု သုံးကြည့်ပါမယ်။ ဘယ်ဖိုင်ကိုသုံးမှာလဲ?  အရင်တလောက လက်တွေ့ဆွဲပီး Save ထားတဲ့ 0105_Legal_Parcel.dwg ဆိုတဲ့ဖိုင်ကိုပဲ ဆက်သုံးကြည့်ပါမယ်။ အရင်လေ့ကျင့်ခန်းလုပ်မထားသူများကတော့ လုပ်ပြီးသားဖိုင်ကို   https://ouo.io/yRp7NT   မှာ ဒေါင်းနိုင်သလို http://j.gs/FzVk မှာလည်း ဒေါင်းနိုင်ပါတယ်။ ဒေါင်းလုဒ်ဆွဲနည်းကို  download-from-ouo.html မှာ ကြည့်ပေးပါ။ အရင်လေ့ကျင့်ခန်း ပြန်ကြည့်လိုပါက  line-traverse.html မှာ ကြည့်နိုင်ပါတယ်ခင်ဗျာ။ ဒေါင်းပြီး စဆွဲပါမယ်။ ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်ပြီးတာနဲ့ ကိုဩဒိနိတ်များကိုသုံးပြီး လိုင်းတခုဆွဲဖို့ Home Tab> Draw Panel > Line Drop-down menu > Create Line By Northing/Easting command ကို ရွေးပါမယ်။  ပြီးရင်အစ northing အတွက် 184898.42 ထည့်ပြီး enter လုပ်ပါမယ်။...

ACTC-MYANMAR : Azimuth သုံးပြီး လိုင်းဆွဲနည်း

Image
ဒီတခါ AutoCAD Civil 3D Training Center ကနေ တင်ဆက်ပေးလိုက်တဲ့ Civil 3D Tutorials ကတော့ Azimuth သုံးပြီး လိုင်းဆွဲသားနည်း ဖြစ်ပါတယ်။  ဘာနဲ့ဆင်တူသလဲ ဒီနည်းကလည်း bearing/distance နည်းနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ လည်ထောင့် သတ်မှတ်ပုံပဲ ကွာသွားတာပါ။ Azimuth ဆိုတဲ့အတွက် လည်ထောင့်တွက်ချက်ရာမှာ မြောက်အရပ်ကနေပဲ စတင်တွက်ချက် ထည့်သွင်း ပေးရပါမယ်။ ဒါကြောင့် ဒီနည်းအတိုင်းဆွဲရာမှာ Quadrant သတ်မှတ်ဖို့ တောင်းဆိုတာ တွေ့ရမှာ မဟုတ်ပါဘူး။ အခု စဆွဲကြည့်ပါမယ်။ Home > Draw Panel > Line Drop-down list > Create Line by Azimuth ကို ကလစ်လုပ်ရွေးပါမယ်။ Base Point အတွက် အဆင်ပြေတဲ့ တနေရာကို ကလစ်ချ သတ်မှတ်ပေးပါ။ Azimuth တန်ဖိုး သတ်မှတ်ပေးဖို့ တောင်းနေတာ တွေ့ရပါမယ်။ Azimuth 0 ဒီဂရီ နှင့် စဆွဲဖို့ 0 လို့ ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ အကွာအဝေး သတ်မှတ်ဖို့ ထပ်တောင်းပါမယ်။ 200’ ရိုက်ထည့်ပြီး enter ဆက်ခေါက်ပေးပါ။ အလျား ၂၀၀’ ရှိတဲ့ တောင်မြောက်လိုင်း ရပြီဖြစ်သလို နောက်တလိုင်း ဆက်ဆွဲဖို့ Azimuth တန်ဖိုး ထပ်တောင်းနေတာ တွေ့ရပါမယ်။ ဒီနည်းအတိုင်း Azimuth 60,120,180 တို့နှင့် အလျား 200’ စီ ရှိတဲ့လိုင်းများ ဆက်...

Civil 3D Tutorials : Create Line By Bearing

Image
 Surveyor များ ရင်းနှီးပြီးသား Bearing/Distance ကို အသုံးပြုပြီး လိုင်းဆွဲတာကို ACTC-Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ဒါကိုကြည့်ပြီးရင် ကျွန်တော်တို့ ဘာကြောင့် AutoCAD မသုံးပဲ Civil 3D ကို သုံးရသလဲဆိုတာ ပိုသိသာထင်ရှား လာပါလိမ့်မယ်။  မိတ်ဆက် ဒီ command ဟာ ကျွန်တော်တို့ မကြာခဏသုံးစွဲနေတဲ့ line command နဲ့ ဆင်တူပါတယ်။ ဦးစွာ စမှတ် ကိုသတ်မှတ်ပါမယ်။ ပြီးရင် သူဆက်တောင်းတဲ့ Quadrant, Bearing, Distance values စတာတွေ အစဉ်လိုက် သတ်မှတ်ပေးသွားရမှာ ဖြစ်ပါတယ်။ အဲဒီတန်ဖိုးများကို command line မှာ ရိုက်ထည့်ခြင်း၊ screen မှာ graphically ကလစ်လုပ်ခြင်းစသည်တို့နဲ့ သတ်မှတ်ပေးနိုင်ပါတယ်။ Glyphs လို့ခေါ်တဲ့ သရုပ်ပြပုံလေးဟာ အဆင့်တိုင်းမှာ ကျွန်တော်တို့ကို လမ်းညွှန်ပေးနေမှာ ဖြစ်ပါတယ်။ လိုင်းတခုဆွဲပြီးတာနဲ့ နောက်လိုင်းကို bearing နည်းဖြင့်ဖြစ်စေ၊ Draw panel က အခြားလိုင်းဆွဲတဲ့နည်းလမ်းများ ပြောင်းပြီးဖြစ်စေ ဆက်ဆွဲနိုင်ပါတယ်။  သိထားသင့်သည့်များ ပုံမှာ Coordinate System သတ်မှတ်ထားသည် ဖြစ်စေ ၊ မထားသည်ဖြစ်စေ ဒီနည်း အသုံးပြု ဆွဲသားနိုင်မှာပါ။ ရပ်ညွှန်းထောင့် ကို တောင်/မြောက်လိုင်းကို အခြေပြု တိုင်း...

Civil 3D Training : Latitude/Longitude တွေသုံးပြီး လိုင်းဆွဲမယ်

Image
ACTC-Myanmar ကနေပြီးတော့ Latitude၊ Longitude တန်ဖိုးများ အသုံးပြုပြီး လိုင်းဆွဲသားနည်းလေး တင်ဆက်ပေးလိုက်ပါတယ်။ စာနဲ့ရေးသားပေးထားသလို လက်တွေ့ရေးဆွဲထားတဲ့ video လည်း ပူးတွဲထည့်ပေးထားပါတယ်ခင်ဗျာ။ တခါတလေမှာ ဒေတာတွေကို လတ္တီတွဒ်၊ လောင်ဂျီတွဒ် တန်ဖိုးများနဲ့သာ ရနိုင်တာမျိုး ကြုံရတတ်ပါတယ်။ ဒီလို အခါမျိုးမှာ ဒီနည်းကို အသုံးပြု ရေးဆွဲနိုင်ပါတယ်။ သို့မဟုတ် ထူးထူးဆန်းဆန်း နည်းလေးတွေကို ကိုယ်တိုင်ကလည်း သဘောကျတယ်၊ စမ်းကြည့်ချင်တယ်ဆိုရင်လည်း ဒါကို စမ်းကြည့်နိုင်ပါတယ်။ ဒီမှာ သုံးစွဲထားတဲ့ ဒေတာများကို Google Earth ကနေ ထုတ်ယူထားတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ အရေးကြီးတာတခုက  Drawing မှာ Coordinate system တခု သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ အောက်မှာ  Coordinate system  သတ်မှတ်နည်းအတွက် လင့်ထည့်ပေးထားပါတယ်။ ပထမဆုံး Civil 3D မှာ Home Tab > Draw Panel > Line Drop-down list ကနေ Create Line by Latitude/Longitude ကို ကလစ်ပြီး command ယူပါမယ်။ command အသက်ဝင်လာရင် Latitude တန်ဖိုး တောင်းနေတာ တွေ့ရပါမယ်။ ပထမပွိုင့်ရဲ့ Latitude တန်ဖိုးကို Text ဖိုင်ကနေ Ctrl+C နဲ့ ကူးယူပြီး ...

ACTC-MYANMAR : How to Change Projection in Google Earth

Image
Google Earth ကနေ မိမိလိုအပ်တဲ့ပွိုင့်များကို ထုတ်ယူရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲ တခုကတော့ ကိုယ်လုပ်ငန်းခွင်မှာ သုံးစွဲတဲ့  coordinate စနစ်နဲ့ ကိုက်ညီအောင် ပြောင်းလဲပေးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကို Menu Bar > Tools > Options ကနေ တဆင့် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်ကတော့ UTM စနစ်ကနေ Lat/Long ကို ပြောင်းလွှဲသုံးစွဲချင်လို့ ဒါလေးကို ပြောင်းလဲပြထားပါတယ်။ လက်တွေ့လုပ်ဆောင်ထားတဲ့ Video ကိုလည်း အောက်မှာ ထည့်ပေးထားပါတယ်။ 1.       ပထမဆုံး ရှိပြီးသား ပွိုင့်ကို right-click ထောက်ပြီး properties က တဆင့် လက်ရှိသုံးထားတဲ့ coordinate စနစ် စစ်ကြည့်ပါမယ်။ အခုကျွန်တော်ကတော့ UTM စနစ် သုံးစွဲထားတာ တွေ့ရပါမယ်။ OK နှိပ်ပြီး ပိတ်လိုက်ပါ။ 2.       Menu Bar > Tools ကို ကလစ်ပြီး ပေါ်လာတဲ့ အထဲက Options ကို ရွေးယူပါ။ 3.       Google Earth Options ပေါ်လာပါမယ်။ အဲဒီက 3D View tab ကို ကလစ်နှိပ် ပြောင်းလိုက်ပါ။ 4.       အဲဒီမှာ Show Lat/Long မှာ ပြောင်းလဲအသုံးပြုနိုင်တဲ့ Projection စနစ်များက...

ACTC-MYANMAR : Create Reference Base Points in Google Earth

Image
တခါတရံမှာ မိမိ project အတွက် တိကျတဲ့ Bench Mark များ မရနိုင်တဲ့အခါမျိုးမှာ ဖြစ်စေ၊ အကြမ်းဖျဉ်း လျာထား ကြည့်ချင်တဲ့အခါမျိုးမှာ ဖြစ်စေ Google Earth ကနေ coordinate တန်ဖိုးများ ထုတ်ယူသုံးစွဲဖို့ လိုအပ်လာပါတယ်။ တိကျဖို့ လိုအပ်တဲ့ လုပ်ငန်းများအတွက်တော့ မသင့်တော်ပါဘူး ခင်ဗျာ။ ဒီအတွက် လိုအပ်လာခဲ့ရင် အသုံးပြုနိုင်အောင် မျှဝေပေးရခြင်း ဖြစ်ပါတယ်။ အခု စလုပ်ကြည့်ရအောင်။ ရေးပြထားတာ သိပ်မရှင်းရင် လက်တွေ့လုပ်ပြထားတဲ့ video လေးကို ကြည့်နိုင်ပါတယ်ခင်ဗျာ။ 1. Google Earth ကို ကလစ် ၂ ချက် ဆင့်ခေါက်ပြီး ဖွင့်လိုက်ပါ။ Google Earth မရှိသေးသူများ ဒေါင်းလုဒ်ဆွဲရန် https://ouo.io/sp7kGkS 2. ပွင့်လာရင် ကိုယ်အလိုရှိတဲ့နေရာကို ရှာဖွေသွားရောက်လိုက်ပါ။ 3. ပွိုင့်ချဖို့ Toolbar က Add Placemark ကို ကလစ်နှိပ်လိုက်ရင် screen မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ icon လေး ပေါ်လာပါမယ်။ 4. ကိုယ်လိုချင်တဲ့နေရာကို ရောက်ဖို့ အဲဒီ icon လေးကို ကလစ်ဖိဆွဲပြီး လိုချင်တဲ့နေရာရောက်ရင် လွှတ်ချပေးပါ။ 5. ပေါ်လာတဲ့ Google Earth – New Placemark dialog က Name အကွက်မှာ မိမိမှတ်မိနိုင်တဲ့ အမည်မျိုး ပေးပြီး OK နှိပ်ပါ။ 6. ...

Civil 3D Tutorials : Create Line by Grid Northing/Grid Easting

Image
AutoCAD Civil 3D Training Center Myanmar ကနေပြီးတော့ Grid Northing/ Grid Easting အသုံးပြုပြီး လိုင်းဆွဲနည်းလေး မျှဝေပေးချင်ပါတယ်။ လက်တွေ့ရေးဆွဲပြထားတဲ့ video လည်း ထည့်ပေးထားပါတယ်ခင်ဗျာ။ ဒီနည်းလမ်းကတော့ Coordinate စနစ်တခု အသုံးပြုပြီး သတ်မှတ်ထားတဲ့ Grid Northing/ Grid Easting များကို အသုံးပြုပြီး လိုင်းဆွဲသားတာ ဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုဖို့ ပုံမှာ Coordinate စနစ်တခု သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပုံမှန် Northing/ Easting ကို အသုံးပြုတာမဟုတ်ပဲ Grid Northing/ Grid Easting များကို အသုံးပြုထားလို့ ဖြစ်ပါတယ်။ ပုံမှာ Coordinate စနစ်တခု သတ်မှတ်နည်းကို https://www.actcmyanmar.com/2021/10/assign-coordinate-drawing.html မှာ ကြည့်နိုင်ပါတယ်။ အခုတော့ Coordinate စနစ် သတ်မှတ်ပြီးပုံကို အသုံးပြုထားတာမို့ စဆွဲကြည့်ရအောင်။ 1. Home – Draw Panel က Create Line by Grid Northing/Grid Easting ကို ကလစ်လုပ်ရွေးပါ။ 2. စဆွဲမယ့်ပွိုင့်ရဲ့ Grid Northing တန်ဖိုးထည့်ပြီး Enter ခေါက်ပါ။ 3. စဆွဲမယ့်ပွိုင့်ရဲ့ Grid Easting တန်ဖိုးဆက်ထည့်ပြီး Enter ခေါက်ပါ။ 4. ကျန်တဲ့ ဆက်ဆွဲရမယ်...

AutoCAD Civil3D Training Center